Showing posts with label chef experience. Show all posts
Showing posts with label chef experience. Show all posts

Monday, November 28, 2011

Alicia Keys can lead to ပဲအိုး 2။

Alicia Keys can lead to ပဲအိုး 2။





ဂီတ၌နစ်မြောနေ။
Zနီးသည်မှ ပဲအိုးကြည့်ထားရန်မှာသွား။
ခေါင်းညိတ်ပြလိုက်။

Alicia keys အသံသည် jazz ပီယာနိုနှင့် လိုက်ဖက်။
R&B များတကျော့ပြန်နားထောင်နေ။
လွင့်မျောနေသောစိတ်များ၊
လွင့်မျောနေသော သိခြင်းတရားများ၊
လွင့်မျောနေသော ခံစားချက်ရသများ .........။
တုန့်ခနဲအရပ်။

မီးဖိုချောင်သို့
အပြေးတပိုင်းဝင်။

တူးတတ်သောအရာသည် တူးလေ့ရှိကြသည်တကား။

မျက်နှာတွင် ချိုမပေါသော်လည်းကြံဖန်ပြီး
မျက်နှာချိုသွေး၊
လေသံကိုပျော့ပြောင်းချိုသာစွာထား၊

မိန်းမရေ ... ပဲအိုးတူးသွားတယ် ကွာရ်။ ။

Rule No1:။ ။ ဟင်းအိုးကြည့်နေစဉ် သီချင်းနားမထောင်ပါနှင့်။ အထူးသဖြင့် R&B

Regards,
The Gardener
(ချာပါတီစားသုံးသူနှင့် ပဲအိုးစောင့်ကြည့်လေ့လာသူ)

Notes: ကွယ်လွန်သူမိခင်ကြီးအားသတိရ။ သူသည်လည်း 26060။ တူး ဝေေ၀။ ဟင်းချက်လျှင်တူးပြီး၊ ထမင်းချက်လျှင်ဝေသည်။ ငါသည်လည်း မျိုးရိုးဂုဏ်စောင့်ထိန်းသူပေတကား။ ပဲအိုးလျှင်တူးပြီး၊ နွားနို့လျှင် ဝေစေအံ့။



Peace B with U.