Showing posts with label စာယဉ်. Show all posts
Showing posts with label စာယဉ်. Show all posts

Tuesday, April 1, 2014

နွေရာသီ ခရီးသည်

ကံတရားရဲ့ အရူးလုပ်ခြင်းခံနေရတဲ့ ကမ္ဘာမှာ၊ ခန္ဓာငါးပါးရဲ့ အရူးလုပ်ခံဘဝမှာ .......... ပျော်ပျော်ရွှင်ရွှင်နေကြတာ ... မင်္ဂလာ။ မနက်ခင်းရဲ့ အလှတရား၊ စံပယ်ဖူးများ .... လေးလံသော သောကကင်းရာအရပ်မှ ချိုလွင်ကြည်အေးသော ရယ်မောသံများ ...........။ ရရှိနေသော မင်္ဂလာတရားများ၊ ပိုင်ဆိုင်နေသော ငြိမ်းချမ်းခြင်းများ၊ ... ခရီးသည်တစ်ယောက်၏ ခြေရာများ။ အသင့်အတင့် နှလုံးသွင်းထားသော ကြေကွဲစရာ ဒဏ်ရာများ၊ ခရီးသည်ဟာ အမှတ်တရတွေကိုလည်း ဖြတ်သန်းလျှောက်လှမ်းရတာပဲ။ ခရီးတွင်ဖို့ ခရီးနှင်ရတာပါပဲ၊ စိမ်းလန်းတဲ့တောတန်းကိုလည်း မြင်ရ၊ မီးလောင်ပြင်ကိုလည်းမြင်ရ၊ သာယာတဲ့စမ်းချောင်းလေးကိုလည်းမြင်ရ၊ သဲချောင်းကိုလည်မြင်ရ၊ ကြည်လင်တဲ့တိမ်တိုက်တွေ မည်းမှောင်သွားတာကိုလည်းမြင်ရ၊ အရုဏ်ကြိုငှက်တွေ အိပ်တန်းပြန်သွားတာလည်းမြင်ရ ...... သင်္ခါရ ဓမ္မဟာ သူ့သဘောသူဆောင်ပြီး သူ့လမ်းသူသွားတာလည်းမြင်ရ၊ ......... ဖြတ်သန်းသွားမယ့် မြေနီလမ်းကို လည်ပြန်ကြည့်တွေနဲ့ မစိုစွတ်စေခဲ့တဲ့ ခရီးသွားဟာ တရွေ့ရွှေ့ခရီးနှင်။ နက်ရှိုင်းတဲ့စိတ်ရဲ့အောက်ခြေမှာ အနည်ကျကျောက်တွေကို တူးဖော်ဖို့ ခရီးနှင်။

Regards,
Zephyr

အောက်ခြေမှတ်စု။

နွေးထွေးတဲ့ နွေရာသီရောက်လာတဲ့အခါ အီကွေတာက ငှက်တွေ ပျံဖို့အသင့်ဖြစ်နေကြတဲ့အကြောင်းကို ရေးလိုက်ပါတယ်။



Peace B with U.