ညီမလေး.... ဒီနေ့သီချင်းတစ်ပုဒ်ဝင်ရောက်တယ်။ စိတ်ထဲဝင်ရောက်လာတဲ့သီချင်းလေးတစ်ပုဒ်။ ညင်ညင်သာသာ လဲ့ဖြာလင်းလက် ၀င်ရောက်လာတဲ့သီချင်းလေးပဲ။ Bob Marley ရဲ့ No woman no cry တဲ့။ ဒီသီချင်းလေးက ငိုကြွေးနေတဲ့ အမျိုးသမီးလေးတစ်ယောက်အတွက် နှစ်သိမ့်ဆေးတစ်ခွက်ဖြစ်ခဲ့မလား ။ဘာပဲဖြစ်ဖြစ် ညီမလေးရယ်၊ Everything gonna be alright ဆိုတာလေးက ချစ်စရာကောင်းတဲ့ အယူအဆလေးပါ။
Regards,
Zephyr
Notes:
Bob Marley က ဂျမေကာက ဂီတသမားလေးတစ်ယောက်ပေါ့။ ဂျမေကာမှာ စတင်ဖွံ့ဖြိုးလာတဲ့ reggae ဂီတရဲ့ အငွေ့အသက်လှလှပပလေးတွေနဲ့ သူ့ရဲ့သီချင်းတွေ ပြေပြစ်ချိုမြနေခဲ့တယ်။