There was a water-drop, it joined the sea,
A speck of dust, it was fused with earth;
what of your entering and leaving this world?
A fly appeared, and disappeared.”
― Omar Khayyam
ဒီအရက်သမားက တစ်ခါတစ်ခါ အဟုတ်တွေပြောတယ်။
ပင်လယ်နဲ့ပေါင်းစည်းသွားတဲ့ရေစက်ကလေးတွေ၊
ကမ္ဘာမြေကြီးနဲ့ ရောနှောသွားတဲ့ ဖုန်မှုန်လေးတွေ ရှိခဲ့ပါရဲ့၊
သင့်ရဲ့ လောကထဲဝင်လာခြင်း၊ ပြန်ထွက်ခွာခြင်းကရော ဘယ်လိုမျိုးပါလိမ့်၊
ယင်ကောင်တစ်ကောင် (လှစ်ခနဲ)ပေါ်လာပြီး ပြန်ပျောက်သွားခဲ့သလိုပေါ့ ...။
အိုမာခိုက်ယမ် (ကြီးမြတ်သောအရက်သမား)
Notes:
မနက်ကဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ stauts ၊ နည်းနည်းသဘောကျတာနဲ့ ဒီမှာလည်းပြန်တင်ထားလိုက်တယ်။ အသက်ကြီးလာတော့ စာဖတ်တာလျှော့ပြီး စာရေးတာကို တိုးရမယ်စိတ်ကူးတယ်။
Wednesday, April 2, 2014
Tuesday, April 1, 2014
နွေရာသီ ခရီးသည်
ကံတရားရဲ့ အရူးလုပ်ခြင်းခံနေရတဲ့ ကမ္ဘာမှာ၊ ခန္ဓာငါးပါးရဲ့ အရူးလုပ်ခံဘဝမှာ .......... ပျော်ပျော်ရွှင်ရွှင်နေကြတာ ... မင်္ဂလာ။ မနက်ခင်းရဲ့ အလှတရား၊ စံပယ်ဖူးများ .... လေးလံသော သောကကင်းရာအရပ်မှ ချိုလွင်ကြည်အေးသော ရယ်မောသံများ ...........။ ရရှိနေသော မင်္ဂလာတရားများ၊ ပိုင်ဆိုင်နေသော ငြိမ်းချမ်းခြင်းများ၊ ... ခရီးသည်တစ်ယောက်၏ ခြေရာများ။ အသင့်အတင့် နှလုံးသွင်းထားသော ကြေကွဲစရာ ဒဏ်ရာများ၊ ခရီးသည်ဟာ အမှတ်တရတွေကိုလည်း ဖြတ်သန်းလျှောက်လှမ်းရတာပဲ။ ခရီးတွင်ဖို့ ခရီးနှင်ရတာပါပဲ၊ စိမ်းလန်းတဲ့တောတန်းကိုလည်း မြင်ရ၊ မီးလောင်ပြင်ကိုလည်းမြင်ရ၊ သာယာတဲ့စမ်းချောင်းလေးကိုလည်းမြင်ရ၊ သဲချောင်းကိုလည်မြင်ရ၊ ကြည်လင်တဲ့တိမ်တိုက်တွေ မည်းမှောင်သွားတာကိုလည်းမြင်ရ၊ အရုဏ်ကြိုငှက်တွေ အိပ်တန်းပြန်သွားတာလည်းမြင်ရ ...... သင်္ခါရ ဓမ္မဟာ သူ့သဘောသူဆောင်ပြီး သူ့လမ်းသူသွားတာလည်းမြင်ရ၊ ......... ဖြတ်သန်းသွားမယ့် မြေနီလမ်းကို လည်ပြန်ကြည့်တွေနဲ့ မစိုစွတ်စေခဲ့တဲ့ ခရီးသွားဟာ တရွေ့ရွှေ့ခရီးနှင်။ နက်ရှိုင်းတဲ့စိတ်ရဲ့အောက်ခြေမှာ အနည်ကျကျောက်တွေကို တူးဖော်ဖို့ ခရီးနှင်။
Regards,
Zephyr
အောက်ခြေမှတ်စု။
နွေးထွေးတဲ့ နွေရာသီရောက်လာတဲ့အခါ အီကွေတာက ငှက်တွေ ပျံဖို့အသင့်ဖြစ်နေကြတဲ့အကြောင်းကို ရေးလိုက်ပါတယ်။
Regards,
Zephyr
အောက်ခြေမှတ်စု။
နွေးထွေးတဲ့ နွေရာသီရောက်လာတဲ့အခါ အီကွေတာက ငှက်တွေ ပျံဖို့အသင့်ဖြစ်နေကြတဲ့အကြောင်းကို ရေးလိုက်ပါတယ်။