Friday, November 13, 2009

တစ်ခုခုပြောကြတာပေါ့ ....

တစ်ခုခုပြောကြတာပေါ့ ....

ပုံပြင်လေးတစ်ပုဒ်ပါ ...

ရာဇ၀တ်သားတစ်ယောက်ကို ဆိုးသွမ်းလို့ ရွာသူကြီးက တိုင်မှာ လက်ပြန်ကြိုးတုပ်ပြီး ချု့ပ်နှောင်ထားသတဲ့ ....။
ဖြစ်ချင်တော့ ရွာသူကြီးအိမ်ကို မီးလောင်တယ် ....
အကုန်လုံးထွက်ပြေးသွားကြတယ် ....။
မီးကတ၀ုန်းဝုန်းတောက်လောက်ကူးစက်လာတယ် ....။

ရာဇ၀တ်သားလည်းပြေးဖို့ကြိုးစားတယ် ..။
တိုင်နဲ့တုပ်ထားတော့ ပြေးလို့မရဘူး ....။

မြေမှာစိုက်ထားတဲ့ တိုင်က အတော်လေးခိုင်တယ် ...။
မီးတောက်တွေကြားမှာ ရာဇ၀တ်သားက တွေးမိတယ် ....။ တိုင်ကကြိုးကို ရုန်းနေလို့တော့ မဖြစ်နိုင်ဘူး ...။ တိုင်ကို နှုတ်ဖို့ကြိုးစားရမယ် ....တဲ့ ...။

ဒါနဲ့ပဲ တိုင်ကို ကိုယ်လုံးနဲ့ တွန်းတိုက် ပြီး နှဲ့တယ် ...။
စိုက်ထားတာ ကြာတဲ့ တိုင်ပီပီ နည်းနည်းချင်းနဲ့လာတယ် ...။ ဆွဲပြေးရင် မလွတ်နိုင်တဲ့ တိုင်ကို နောက်ဆုံးမ,ထုတ်လိုက်နိုင်တယ် ...။

ဒါနဲ့ပဲ ရာဇ၀တ်သားဟာ တိုင်ကို မ,ပြေးရင်းလွတ်မြောက်သွားခဲ့တယ် ...။ ။


ကျွန်တော်လည်းတွေးမိတယ် ...။

ကြိုးချည်ထားလို့မလွတ်နိုင်ဘူးလို့တွေးမိတဲ့ အခါတိုင်း ... တိုင်ကို နှုတ်ပြီးပြေးကြည့်ရဲ့လားဆိုတာကို ဆင်ခြင်ကြည့်တယ် ....။ တစ်ခါတစ်လေ ...လောကဓံတရားဆိုတာ တိုင်လို့ပဲလို့ ယူဆရတယ် ...။ သူ့ကို မ,ပြီးပြေးမှပဲ လွတ်တယ် ....။ သူ့ဆီက ရုန်းထွက်ဖို့တော့မလွယ်ဘူး။ မဖြစ်နိုင်ဘူး။

တိုင်ကြီးနဲ့ ကြိုးတုပ်ရက်သားဖြစ်နေပေမယ့် မသေနိုင်သေးပါဘူး။ တိုင်ကို မ, ပြီးပြေးလို့ရပါသေးတယ် ...။
ဘ၀မှာလည်း မ, ပြီးပြေးနေတဲ့ တိုင်တွေက များနေမလားမသိဘူး။ သေချာတာကတော့ လွယ်လွယ်နဲ့တော့ မသေချင်သေးဘူး ...။ တကယ်တော့ စိတ်ဆင်းရဲနေတဲ့အချိန်တွေဟာ သေနေတဲ့ အချိန်တွေပါပဲ။စိတ်ဆင်းရဲနေတဲ့သူဟာ ဘယ်သူ့အတွက်မှ ကောင်းတာ မလုပ်နိုင်ဘူး။ ကိုယ်စိတ်ဆင်းရဲနေရင် အရင်ဆုံး အနားကလူကို စိတ်ဆင်းရဲအောင်လုပ်မယ်။ မလုပ်ရင်တောင် အပူဟပ်သလို ဘေးနားကလူက ကိုယ့်အပူတွေ ကူးမယ်။ တွက်ခြေမကိုက်ဆုံးအလုပ်က စိတ်ဆင်းရဲရတာပါပဲ။ သူ့လောက်နီးနီးတွက်ခြေမကိုက်တာက စိတ်ဆင်းရဲအောင်လုပ်ရတာပါပဲ။

မီးကတော့ လောင်နေပါပြီ ...။တိုင်ကို မ,ပြီးသာ ပြေးပါတော့ ...။ အခုအချိန်က စိတ်ဆင်းရဲမှုဆီက ပြေးထွက်ရမယ့် အချိန်ပါ။ လောကဓံတရားကိုတော့ မ,ထားရရင် မ,ထားရမှာပေါ့ ...။လောလောဆယ် အပူမဟပ်အောင်ပြေးရဦးမယ် ...။ လူတိုင်းမှာ စိတ်ချမ်းသာချင်ရင် ချမ်းသာချင်သလောက် ချမ်းသာဖို့ လွတ်လပ်ခွင့်ရှိတယ် ...။ တိုင်ကို မ, ပြီး ပြေးနေတဲ့သူအချင်းချင်းတွေ့ရင် တိုင်မ,ထားရတာ ၀မ်းနည်းလိုက်တာလို့ပြောမယ့်အစား မီးလွတ်လာတာ ၀မ်းသာစရာလို့ ပြောဆိုနှုတ်ဆက်ကြရအောင် ....။

စကားမစပ် တိုင်ကြီးတွေက လေးတယ်နော် ... အဲလေ .. မီးမလောင်တာ တော်ပါသေးရဲ့ ...။ ။

ခင်မင်စွာဖြင့်

Zephyr



Notes:

ပုံပြင်အပါအ၀င် စာလုံးတွေဟာ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ..ရိုက်မစစ်ဘဲ ဖြောင့်ချက်တွင်တွင်ပေးပါတယ် ...။ ဖတ်ရတာ အဆင်မပြေရင် ကီးဘုတ်ညံ့လို့ စာကောင်းမရေးနိုင်တာလို့ ဆင်ခြေပေးချင်ပါတယ်။
ဒီပုံပြင်ကလည်း အမေ့ကိုပြောပြတဲ့ အိပ်ရာဝင်ပုံပြင်တွေထဲက တစ်ပုဒ်ပါ။ ဖတ်ရင်းနဲ့ အိပ်ငိုက်သွားတယ်ဆိုရင်တော့ ရည်ရွယ်ချက်အောင်မြင်ပါပြီလို့ဖရဏာပီတိ ဖြစ်ချင်ပါသေးတယ်။

စကားမစပ် ....

အလောင်းမင်းတရားကြီး ရွှေတိဂုံ စေတီရင်ပြင် အောင်မြေရှိတဲ့ ကျောက်ပြားပေါ် နေ့လည် နှစ်နာရီတိတိမှာ ရပ်ပြီး ဥဒါန်းကျူးရင့်တဲ့အကြောင်း ကြားဖူးလား..လို့သူငယ်ချင်းတစ်ယောက်ကမေးပါတယ်။

မသိဘူး ဘယ်လို ဥဒါန်းကျူးလဲ ဆိုတော့ .. သူက ပြန်ဖြေပါတယ်။

အမယ်လေး ပူလိုက်တာ !!!!!!! တဲ့ ...။

အော် ဥဒါန်း .. ဥဒါန်း ... သဘာဝယုတ္တိဗေဒကျလိုက်တဲ့ ဥဒါန်း လို့ပဲတွေးပြီး ပြုံးမိပါတယ်။ ...


အဲဒီအပြုံးဟာလည်း အခုသင်ပြုံးနေတဲ့ အပြုံးနဲ့ခပ်ဆင်ဆင်တူတဲ့အပြုံးပါပဲ ...။ ကျွန်တော်တို့ရဲ့ အပြုံးတွေဟာ ဗြဟ္မာသိကြားစသည်များက ထင်ရှားပြုပြင် စီရင် ဖန်ဆင်းခဲ့တာမျိုးမဟုတ်ဘဲ .... မျက်နှာကြောတွေတင်းနေတဲ့ မျက်နှာကိုလာရောက်ဖြေဖျော်ပေးတဲ့ စိတ်ကျေနပ်မှု အနှိပ်သယ်တစ်ယောက်ရဲ့ လက်စွမ်းပြ နှိပ်နှယ်ချေကျောက်မှုတစ်ခုပဲလား။ .... ။ ဟဒယ၀တ္တုဆိုတဲ့ နှလုံးသားကို ဗဟိုပြုထားတဲ့ လေဖိအားနည်းရပ်ဝန်းမှာ ဖြည်းဖြည်းချင်း တိုက်ခတ်လာတဲ့ လေပြည်လေညင်းဟာ စိတ်ချမ်းမြေ့စွာ ပြုံးတဲ့ အပြုံးကို ဖြစ်စေနိုင်တယ်လို့ ကျွန်တော်မပြောတော့ပါဘူး။

ကျွန်တော် အခုတလော စကားလုံးတွေမှားမှားပြီးသုံးနေမိတယ် ...။
ငယ်သူငယ်ချင်းဆရာဝန်မကြီးကို နင် စိတ်ချမ်းသာရဲ့လားလို့မေးလိုက်တာ မှားပြီး ..နင်စိတ်ကျန်းမာရဲ့လားဖြစ်သွားတာ နဲ့ စိတ်ဆိုးပြီး ဖုန်းချသွားတယ်။

နောက်တော့ ဘာသာပြန်တာမှားတယ် .. စိတ်ဖိစီးမှုများတဲ့အခါတစ်ယောက်တည်းတိတ်တိတ်လေးနေပြီး ကြိတ်မခံစားရဘူးလို့ လှလှလေးရေးလိုက်တာ ...။ ညပိုင်းရေးတာဆိုတော့ အားရပါးရမှားမိသွားတယ် ... စိတ်ဖိစီးမှုများတဲ့ အခါ တစ်ယောက်တည်း တိတ်တိတ်ကြီးနေပြီး ကြိတ်ခံမစားရဘူးဖြစ်သွားတယ် ...။ ဘာတွေဖြစ်ကုန်မှန်းကိုမသိဘူး။ Depression ဖြစ်နေတဲ့သူတောင် ရေးထားတာဖတ်ပြီး ကြေကွဲသွားနိုင်တယ်။

... အခုတလောတခြားသူတွေရေးထားတဲ့ Blog တွေဖတ်ဖြစ်ပါတယ်။ ဘလော့ခ်လောကဟာ
ပူပင်လယ်ရေ လှိုင်းဘောင်ဘင်ဝေသောကြောင့် ... ကြည်စရာမဒီကညာနဲ့ သည်တစ်ခါတော့ဖြင့် .... မုချဆတ်ဆတ် ခရီးများထွက်လျှင်ဖြင့် ... သာကီလုံးမျက်ဖျော် ကိုရင်နော်မှာ အာဂလူဆိုး လူဖြစ်ကျိုးနပ်လေငဲ့။

သို့တပြီကား ဆက်၍သွားသော် ကဗျာပန်းများ မွှေးမြလေရာ ဥယျာဉ်သာ၌
တရားအရိပ် ပုတီးစိပ်၍ သိုသိပ်အေးစွာ နေလိုခဲ့သူ ဗန်းမော်ညိုနွဲ့ ... တိတ်ဆိတ်ငြိမ်စွာ ထွက်ခွာဟန်ဖြင့် သူ့ကာရံများချန်ထားရစ်သည်....ငါ့ရင်မချိပါတကား။

မဂ်ဖိုလ်မနီးအချည်းနှီးသူ ငါတမူကား ...
ရပ်ရန်မတွေး နှေးရန် မကြံ ..
ဖန်ဖန်ကြိမ်ကြိမ် ဘလော့ခ်အိမ်၌
ကိုယ့်ကြိုးကိုယ်ကျစ် ပင့်ကူညစ်သို့ ...
ဘ၀င်မွေ့လျော် ပျော်၍ကာသာ နေစဉ်ခါလည်း
ကာရံလွဲချော် ကဗျာရှော်ကို ရေးရန်အားထုတ် အလုပ်ရှုပ်၏

နုစဉ်ခါက ရေးမိသည်ကို
တွေးမိသည့်ခါ ရင်နာလာ၍ ...
ထိုစဉ်ခဏ ဖွဖွရွတ်သည် ...
ကဗျာလေလား စာလေလား ...
...

................
............................


..... မြို့ပျက်နေ ပြေလျော့သလို
စို့မျက်ရည်ချွေတော့မချလိုက်ပါနဲ့ ...
ခ ရမ်း ပြာ ထောင့့် ချိုး ...
လိပ်ပြာတွေနိုးသွားမှာ စိုးတယ်....။ ။

စသဖြင့်ပေါ့လေ .. ကာရံနည်းနည်း နဘေနည်းနည်းပါတဲ့ ကဗျာဆိုတာကို စပြီးရေးကျင့်တယ်ပေါ့နော် ...ဘယ်လိုပြောရမလဲဆိုတော့ ဒီလိုပေါ့နော် ...ဒီလိုရေးတတ်ဖို့ပေါ့နော် ..ကြိုးစားနေတယ်ပေါ့နော် ... ပေါ့နော် ပေါ့နော် .. ဗျစ်တသျှလိုတော့ you know ပေါ့နော် ...ပေါ့နော်ဆိုတာလည်း you know ဆိုတော့ you know you know ပေါ့နော် .. ကဗျာတွေကို ကွန်မန့်ရေးရင်ပေါ့နော် ... နားလည်တယ်ပေါ့နော် ..အဲဒီလိုပေါ့နော် .. ထင်မိတယ်ပေါ့နော် ...၊ ဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့နော် .. အနည်းဆုံးကောင်းတယ်ပြောခဲ့တယ်ပေါ့နော် .. တကယ်တော့ဆုံးအောင် မဖတ်မိဘူးပေါ့နော် ...။ ကာရံဆိုတာ ဘာလဲပေါ့နော် .. နားမလည်ဘူးပေါ့နော် ... အားရင်မန့်တယ်ပေါ့နော် ... ကဗျာရေးရင်ပေါ့နော် ... လူစင်မီတယ်ပေါ့နော် ..အဲဒီအယူအဆကိုပေါ့နော် .. ကျွန်တော်လက်ခံတယ်ပေါ့နော် ...။ ဘလော့ခ်တိုင်းမှာပေါ့နော် ... ကဗျာမရေးရင်ပေါ့နော် ..နည်းနည်း အောက်တယ်ပေါ့နော် ... မော်ဒန်ပေါ့နော် ... တချို့ကပေါ့နော် ပို့စ်မော်ဒန်ပေါ့နော် အဲဒါမျိုးတွေပေါ့နော် ရေးတယ်ပေါ့နော် ... တကယ်တော့ ပေါ့နော် ... ဘာမှမရေးရင်လည်း မော်ဒန်ဖြစ်တယ်ပေါ့နော် ... ဗလာထဲမှာပေါ့နော် အားလုံးရှိတယ်ပေါ့နော် ...၊ သေလောက်အောင်လွမ်းရင်ပေါ့နော် အသေလွမ်းမော်ဒန်ပေါ့နော် ...အဲဒါဖြစ်တယ်ပေါ့နော်။ မသေမရှင်လွမ်းရင်ပေါ့နော် ..အဲဒါပေါ့နော် မသေမရှင်အလွမ်းဖြစ်တယ်ပေါ့နော် ...။ပုဒ်မလေးတွေနဲ့အဆုံးသတ်ရင်ပေါ့နော် ..ဆရာ/ဆရာမက ကဗျာအဆုံးမှာပေါ့နော် ...ပုဒ်မလေးတွေချလေ့ရှိတယ်နော်ပေါ့နော် ...။ နေ .. ပါ .. စေ့ ..လေ ဆိုတာပေါ့နော် .. ကဗျာမှာပါရင်ပေါ့နော် ..အရသာပျက်တယ်ပေါ့နော် .. တကယ်တော့ ... နေ .. ကြာ ...စေ့ ...လေ လို့ရေးရင်ပေါ့နော် .. ပိုကောင်းပြီး အရသာရှိတယ်ပေါ့နော် ... ကဗျာဆရာမကိုပေါ့နော် အကြံပေးတယ်ပေါ့နော် ...။ ဆရာလုပ်တယ်မထင်စေချင်ဘူးပေါ့နော် ...။

ကဗျာဆရာမကပေါ့နော် .. တစ်နှစ်ပြည့်ရင်ပေါ့နော် ... တစ်ပုဒ်လောက်ပေါ့နော် ၀င်ဖတ်ပြီးပေါ့နော် ..ဒီတစ်ပုဒ်ကပေါ့နော် ဟိုတစ်ပုဒ်ထက် ပိုကောင်းတယ်ပေါ့နော် ပြောချင်တာပေါ့နော် ...မော်ဒန်ရေးနေတာချင်းအတူတူဆိုတော့ပေါ့နော် ..နည်းနည်းပေါ့နော် ပခုံးချင်းယှဉ်ချင်တာပေါ့နော် ...အဲဒီလိုပေါ့နော် ဖြစ်မိတယ်ပေါ့နော် ...၊ တကယ်တော့ပေါ့နော် .. အနုပညာ စစ်စစ်ပေါ့နော် ...ဖြစ်တည်ဖို့ဆိုတာပေါ့နော် .. အချိန်ယူရတယ်ပေါ့နော်။ ကျွန်တော့်အဖိုးပေါ့နော် ..အသက်ခြောက်ဆယ်မှာသေသွားတယ်ပေါ့နော် ...။ ဘာမှမရေးလိုက်ဘူးပေါ့နော်။ တော်သေးတာပေါ့နော် .. ပေါတောတောကော်မန့်ပေါ့နော် သူရေးမသွားဘူးနော်။ အဲဒါပေါ့နော် ကံသီပေတာပေါ့နော်။ မဟုတ်ရင်ပေါ့နော် ... ကျွန်တော်ပေါ့နော် .. ပေါတောတော ကွန်မန့်တွေကိုပေါ့နော် မျိုးရိုးအရပေါ့နော် ဆက်ပြီးရေးနေရဦးမှာပေါ့နော်။

.......................................................................................................................................................................
.......................................................................................................................................................................
အစအဆုံးပေါင်းရင်ပေါ့နော် ...ဒီပို့စ်ဟာ မော်ဒန်သီအိုရီတစ်ခုဖြစ်တဲ့ installation ကို နမူနာလုပ်ကြည့်တာပါ။ မတူညီတဲ့ စာလေးမျိုးကိုပေါင်းထားတာပါ။ ပုံပြင်၊ဟာသနဲ့ ဒဿနနဲ့သရော်စာလေးခုကိုရောကြည့်တာပါ။ ဒီ Post မှာရေးထားတဲ့ ကဗျာအတုတွေကိုတော့ ဟာသမှာထည့်လိုက်လို့ရပါတယ်။ Piero Manzoni ဆိုတဲ့ အီတလီ အနုပညာသမားတစ်ယောက်ဟာ သူအလေးသွားထားတဲ့ထဲက 30gram ကို သံဗူးထဲသေချာထည့်ပြီး အီတလီ၊ ပြင်သစ်၊ ဂျာမန် ဘာသာတွေနဲ့ အနှုပညာသမား၏မစင်("Artist's shit" (Italian: "Merda d'artista")) ဆိုပြီး ပြသခဲ့ပါတယ်။ နောက်ဆုံးယူရို တစ်သိန်းကျော်နဲ့ဝယ်လိုက်တဲ့သူတောင်ရှိသေးတယ်။ နောက်တော့မှ အူအူအတီး(အီးအီးအတု) ဖြစ်နေတယ်၊ ပလပ်စတာနဲ့လုပ်ထားတာပါတဲ့ ...။ ... ဟဲဟဲ ...အခုရေးထားတာကို သဘောမကျရင်လည်း အဲဒီအဖြစ်အပျက်လေးကို ပြန်ဖတ်ပြီးခွင့်လွှတ်လိုက်ပါလို့ ဆင်ခြေပေးတာပါ...။ ၀ီကီကနေ ကူးလာပြီး သက်သေပြထားပါတယ်။ ဗျစ်တသျှလိုဖတ်တတ်ရင် မပျင်းဘဲဖတ်ကြည့်ပါ။ အနှုပညာဆိုတာက သတ်မှတ်ချက်တစ်ခုပါ။ .... ကျွန်တော်တို့ယုံကြည်တာကို အရိုးသားဆုံး လုပ်နေတာဟာအနုပညာဖြစ်နေမှာပါပဲ။

"Artist's shit" (Italian: "Merda d'artista") is a work of art by the Italian artist Piero Manzoni. The work is a tin can in an edition of 90 labeled in Italian, English, French and German with the description '"Artist's Shit", contents 30gr net freshly preserved, produced and tinned in May 1961.' They were intended to be sold for their weight in gold, the price fluctuating according to the market.

At the time this piece was created, Manzoni was involved in creating works that explored the relationship between art production and human production. Another example of this would be the piece "Artist's Breath" ("Fiato d'artista") a series of balloons filled with Manzoni's breath.

On May 23, 2007, a tin was sold for EUR124,000 at Sotheby's[1], and in October 2008, tin 083 was offered for sale at Sotheby's with an estimate of GBP50-70,000.[2]. The increasing value of this work of art adds to its level of irony. One of Manzoni's collaborators, Agostino Bonalumi, has now revealed that the tins are not full of faeces, but plaster